နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားငလျင်ကြောင့် အနည်းဆုံး သေဆုံးသူ ၆၇ ဦးအထိ ရှိလာ

ဂျာကာတာ  ဇန်နဝါရီ  ၁၆

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီဆီကျွန်းတွင် ပြင်းအား ၆.၂ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၆၇ ဦးအထိ ရှိလာခဲ့ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ၏ လခြမ်းနီအဖွဲ့ အကြီးအကဲ ဂျန်ဂျယ်ဖန်းက ပြောသည်။
ဇန်နဝါရီလ ၁၅ ရက် နံနက် ၁ နာရီအချိန်တွင် အသေးစား တုန်ခါမှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာ၌ ပြင်းအား ၆.၂ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့ရာ တုန်ခါမှုဒဏ်ကို ၇ စက္ကန့်ကြာ ခံစားခဲ့ရသည်ဟုဆိုသည်။ မာဂျီနီမြို့ အရှေ့မြောက်ဘက် ၃.၇၃ မိုင်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုချက်၏ မြောက်ဘက်ရှိ မာမူဂျူမြို့တွင် လူ ၃၄ ဦး သေဆုံးခဲ့ပြီး မာဂျီနီမြို့တွင် လူ ၈ ဦး သေဆုံးခဲ့သည်။
ငလျင်ကြောင့် အနည်းဆုံး လူ ၆၃၇ ဦး ဒဏ်ရာရခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ ၁၅၀၀၀ ရှိခဲ့သည်။ အပျက်အစီး များကြားတွင် ပိတ်မိနေသူများရှိနေပြီး ရှာဖွေ၊ ကယ်ဆယ်မှုများပြုလုပ်နေဆဲ ဖြစ်ရာ သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း ဂျန်ဂျယ်ဖန်းက ဆိုသည်။         

 (KNT)






အခြားဆက်စပ်သတင်းများ