နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
JOOX 2020 Popular Song Award ဆုကို အဆိုတော် ဘင်ဂျမင်ဆုမ်းရရှိ

ဇန်နဝါရီ   ၁၆

JOOX က ပေးအပ်သည့် JOOX 2020 Popular Song Award ဆုကို အဆိုတော် ဘင်ဂျမင်ဆုမ်းက ရရှိခဲ့ကြောင်း သိရသည်။ အဆိုတော် ဘင်ဂျမင်ဆုမ်းသည် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း ရေပန်းစား လူကြိုက်အများဆုံးသီချင်းဆု (JOOX 2020 Popular Song Award) ကိုရရှိခဲ့ခြင်းဖြစ်ပြီး JOOX က ပေးအပ်သည့် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်းရေပန်းအစားဆုံးအနုပညာရှင်ဆု TOP-1 နေရာကိုလည်း ရရှိခဲ့သူဖြစ်သည်။
ထို့အပြင် 2020 Chin Artist Of The Year ဆုကိုလည်းရရှိထားသူဖြစ်ပြီး ၂၀၁၉-၂၀၂၀ တစ်နှစ်တာ အတွင်း Shwe FM Facebook Page မှတစ်ဆင့် ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုကိုလည်းရရှိခဲ့သူဖြစ်သည်။ အဆိုတော် ဘင်ဂျမင်ဆုမ်းသည် Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ထိတက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး ပရိသတ်များ၏ အားပေးမှုကိုရရှိနေသူဖြစ်ကြောင်း သိရသည်။                   

(သူရိန်)






အခြားဆက်စပ်သတင်းများ