နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစညပါတီဥက္ကဋ္ဌ ဦးသန်းတင် အသက်(၉၈)နှစ်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်

ရန်ကုန် ဇန်နဝါရီ ၁၆

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဥက္ကဋ္ဌ ဦးသန်းတင် အသက်(၉၈)နှစ်တွင် လူကြီးရောဂါဖြင့် ဇန်နဝါရီလ(၁၄) ရက်နေ့က ၄င်းနေအိမ်၌ ကွယ်လွန်သွားကြောင်းသိရသည်။
နာရေးကိုဇန်နဝါရီလ(၁၅)ရက်နေ့ကတပ်မတော်စစ်သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြန်ကြားရေး တာဝန်ခံဦးကျော်နုကပြောသည်။

ဈာပနအခမ်းအနားကို ကိုဗစ်ကန့်သတ်ချက်များကြားကလူအနည်းအကျဉ်းဖြင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်နု ကပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဥက္ကဋ္ဌ ဦးသန်းတင်သည် အငြိမ်းစားဗိုလ်မှူးချုပ် တစ်ဦးဖြစ်ပြီး၊ (၁၉၇၀) လွန်ကာလက အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးဖြစ်ခဲ့ကြောင်းသိရသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ