နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ရောဂါ ပြန်လည်တွေ့ရှိခြင်းကြောင့် ကင်ဘာရာမြို့မှ မြန်မာနိုင်ငံသားများကို ဆစ်ဒနီလေဆိပ်သို့ သွားရောက်ပို့ဆောင်နိုင်ခြင်း မရှိခဲ့

ရန်ကုန်,ဇန်နဝါရီ ၁၆

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နှင့်အခြားသော မြို့ကြီးအချို့တွင် COVID-19 ကူးစက်မှုအချို့ပြန်လည်တွေ့ရှိ ရပြီးပြည်နယ် တစ်ခုနှင့်တစ်ခုအကြား ခရီးသွားလာရေးကန့်သတ်ချက်များကြောင့် ကင်ဘာရာမြို့တွင် နေထိုင်သူများအနေဖြင့် နယူးဆော့ဝေးပြည်နယ်၊ ဆစ်ဒနီမြို့သို့ခရီးသွားရောက်ခဲ့ပြီးနောက် ကင်ဘာရာမြို့သို့ ပြန်လည်ဝင်ရောက် သည့်အခါစုစုပေါင်း (၁၄)ရက်ကြာ HomeStay နေထိုင်ရမည်ဖြစ်၍ ယခုအကြိမ်ကယ်ဆယ်ရေးလေယာဉ်အတွက် မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံအမတ်ကြီးနှင့်ဝန်ထမ်းများအနေဖြင့် ဆစ်ဒနီမြို့လေဆိပ်သို့ သွားရောက်ပို့ဆောင် နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင်မြန်မာသံရုံးအနေဖြင့် လေယာဉ်မှူးကြီးဦးမျိုးလွင်ဦး၊ လေယာဉ်ဝန်ထမ်းများနှင့် တိုက်ရိုက်ချိတ်ဆက် ညှိနှိုင်းပြီး ခရီးသည်များလိုအပ်သည်များကို ကူညီစောင့်ရှောက်ခဲ့ရာ အောင်မြင်သော ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း အသိပေးထား သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံများတွင် ရောက်ရှိနေခဲ့သော မြန်မာ နိုင်ငံသားများ၊  မြန်မာသင်္ဘောသားများနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစီမံကိန်းများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားခရီးသည်များ စုစုပေါင်း (၁၂၆)ဦး လိုက်ပါမည့် မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines (MNA)၏ သတ္တမအကြိမ် အထူး ကယ်ဆယ်ရေးလေယာဉ် UB-9802 သည် ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း တွင် ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ကွပ်ကဲမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ် ရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုများ၊  မြန်မာအမျိုးသားလေကြောင်း၊ သြစတြေးလျနိုင်ငံ အာဏာပိုင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုအခါ သတ္တမ အကြိမ်ရှိခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၈၃၈) ဦးနှင့် နိုင်ငံခြားသား ခရီးသည် (၃၇)ဦး တို့ကို ချောမောအောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ