နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီတာယူနစ်ဖတ်ချက်များ မှန်ကန်ရေးနှင့် Unit Losses ကျဆင်းရေးဝင်ငွေတိုးတက်ရေးပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းကွင်းဆင်းစစ်ဆေး

မန္တလေး  ဇန်နဝါရီ ၁၆

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဦးဆောင်မှု မန္တလေးခရိုင်လျှပ်စစ်မန်နေဂျာ၏ အနီးကပ် ကြီးကြပ်မှုဖြင့် မန္တလေးခရိုင်ပြည်ကြီးတံခွန် မြို့နယ်အတွင်လျှပ်စစ်မီးသုံးစွဲသူပြည်သူများ အပေါ်ဝန်ဆောင်မှုကောင်းရေး၊ မီတာဖတ်ချက်များမှန်ကန်ရေး၊ စက်မှုဇုန်အလုပ်ရုံများသို့ ရောက်အောင်သွား၍ မှန်အောင်ဖတ်ပြီးဝန်ဆောင်မှု ကောင်း အောင်ဆောင်ရွက်ရေး၊ UiitLosses ကျဆင်းရေး၊ ဝင်ငွေတိုးတက်ရေးအတွက် မီတာဖတ်စာရေးများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၁၅ ရက်နံနက် ၈ နာရီကပြည်ကြီးတံခွန် မြို့နယ်လျှပ်စစ်မန်နေဂျာရုံတွင် ကျင်းပရာ မီတာဖတ်စာရေးများ တက်ရောက်ကြပြီး ခရိုင်လျှပ်စစ်မန်နေဂျာဦးအေးကျော်က မီတာဖတ်ချက်များမှန်ကန်ရေးနှင့် ဝင်ငွေတိုးတက်ရေး တွေ့ဆုံမှာကြားသည်။

ထို့နောက် မန္တလေးခရိုင်လျှပ်စစ်မန်နေဂျာနှင့် ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မန်နေဂျာတို့သည် စက်မှုဇုန်အတွင်း တပ်ဆင်ပေးထားသောပါဝါလျှပ်စစ်မီတာများတွင် မီတာဖတ်စာရေးများမှမီတာယူနစ်ဖတ်၍ စာရင်းသွင်းနေမှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ