နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WORLD HINDI DAY(ကမ္ဘာ့ဟင်ဒီနေ့)အထိမ်းအမှတ်အခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၁၆

မန္တလေးမြို့ ရုံးစိုက်အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ WORLD HINDA DAY (ကမ္ဘာ့ဟင်ဒီနေ့) အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်ညနေ ၃ နာရီကချမ်းမြသာစည်မြို့နယ် ၆၅လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းကြားရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ကျင်းပသည်။ အခမ်းအနားကို အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် HE. NeeiajlgKumar နှင့် ဟိန္ဒူလူမှုရေးအဖွဲ့ ခေါင်းဆောင်များက ဆီမီးထွန်းဖွင့်လှစ်ပေးသည်။ ထိုနောက် အိန္ဒိယကောင်စစ်ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍  သနန္တနဓမ္မပါလကအဖွဲ့ချုပ်သာသနာပြုဆရာက ကမ္ဘာ့ဟင်ဒီနေအကြောင်းပြောကြားပြီး ကမ္ဘာ့ဟင်ဒီနေ့အထိမ်းအမှတ် Online Hindi Essay ပြိုင်ပွဲတွင်ဆုရရှိသူများအား ကောင်စစ်ဝန်ချုပ်မှဆုများချီးမြှင့်သည်။

မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အိန္ဒိယနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံသို့ချစ်ကြည်ရေး ခရီးလာရောက်ပြီး နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ဟင်ဒီဘာသာစကားများသင်ကြားရန် အကူအညီပေးရေးသဘောတူခဲ့ပြီးရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင်ဟင်ဒီဘာသာစကားအချိန်ပိုင်းသင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ