နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရန်ကုန်    ဇန်နဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အလုံမြို့နယ်တွင် လူဦးရေ ၄၀၀၀၀ ခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ (၉၉၉) ရှိရာ  ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုမှ ကာကွယ်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ လူစုလူဝေးရှိသောနေရာများတွင် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက အလုံမြို့နယ် ၊ ဆင်မင်းရပ်ကွက်၊  ဆင်မင်းစျေးနှင့်  ဆင်မင်းလမ်းပေါ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ စျေးရောင်းချသူ၊ စျေးဝယ်သူ ပြည်သူများ၊ ခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များကို ဝေငှခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့စဉ်။

တင်တင်ချို






အခြားဆက်စပ်သတင်းများ