နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြစ်ကြောင်းတစ်လျှောက် မှုခင်းကျဆင်းရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ဂရုတစိုက် လိုက်လံစစ်ဆေး ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ဝင်ထွက်သွားလာနေသော ပြည်တွင်းပြည်ပမှ ရေယာဉ်များနှင့် ရေကြောင်း ခရီးသွားသူများ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် မှုခင်းဖြစ်စဉ်များ ကျဆင်းလာစေရန် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)အနေဖြင့် အချိန်ပြည့် တာဝန်ထမ်းဆောင်ကာ စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများသည် ရေကြောင်းရဲတပ်ဖွဲ့ ရေယာဉ်များနှင့် ရန်ကုန်မြစ်ဝ၊ တော်ခလူး၊ သီလဝါဆိပ်ကမ်း၊ နန်းသီတာ ဆိပ်ကမ်း၊ တွံတေးတူးမြောင်း၊ ရွှေပိတောက်ငါးဈေးတံတား အစရှိသောနေရာများကို အခြေပြုကာရေကြောင်း ကင်းလှည့်ခြင်း လုပ်ငန်းများကို နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ရေကြောင်းကင်းလှည့်ခြင်းများ ဆောင်ရွက် သောအခါ ပြည်တွင်းကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များနှင့် ငါးဖမ်းရေယာဉ်များကိုလည်း အမြဲမပြတ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း တရားမဝင် သွားလာနေသောရေယာဉ်များ မရှိစေရန်အတွက်လည်း ဂရုတစိုက်စောင့်ကြည့် စစ်ဆေးနေပြီး ယင်းကဲ့သို့ မြစ်ကြောင်းအတွင်း လုံခြုံရေးလုပ်ငန်းများအပြင် ဆိပ်ကမ်းနယ်မြေများတွင် လုံခြုံမှုရှိ စေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ အခြားဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်တွင် ရေကြောင်းရဲတပ်ဖွဲ့ကို လွန်ခဲ့သော ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးနောက် မြစ်ကြောင်းများတစ်လျှောက် သွားလာနေသောရေယာဉ်များနှင့် ဆိပ်ကမ်းနေရာများတွင် မှုခင်းဖြစ်ပွားမှုများကျဆင်း လာစေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ