နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကျန်းမာရေးပစ္စည်းများကို မြန်မာရွှေ့ပြောင်းလုပ်သား များအတွက် ဦးစားပေးပြန်လည် လှူဒါန်းမည်

ဇန်နဝါရီ ၁၆

Thai Beverage Public Company Limited မှ Covid 19 ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ဇန်နဝါရီ ၁၅ ရက်က မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ လှူဒါန်းခဲ့သည့်ပစ္စည်းများကို အဝင်/အထွက် ကန့်သတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဦးစားပေး ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ThaiBeveragePublicCompanyLimited မှ Mr. Paul Choong, Advisor to President & CEO နှင့် တာဝန်ရှိသူများသည် ထိုင်းနိုင်ငံတွင် လတ်တလော COVID-19 ကပ်ရောဂါ ထိခိုက်ခံစားမှုကြောင့် အဝင်/အထွက် ကန့်သတ်ခံထားရသည့် ဒေသများမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မြန်မာသံရုံးသို့ လာရောက်၍ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား လှူဒါန်းရာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းမှ လက်ခံရယူပြီး ယင်းပစ္စည်းများကို လှူဒါန်းလိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထံသို့ပင် ဦးစားပေးလှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 အဆိုပါ လှူဒါန်းပစ္စည်းများမှာ SurgicalMask-၂၀,ဝ၀ဝခု၊ AlcoholGelBottle(1000ml)-၂၀ဗူး၊ Alcohol SprayGallon 72%(20L)-၅ပုံး စသည်တို့ဖြစ်ပြီး ယင်းတို့ကို အဝင်/အထွက် ကန့်သတ်ခံထားရသည့် ဒေသများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ဦးစားပေးဖြန့်ဝေပေးမည်ဖြစ်သည့်အပြင် အခြားသော လိုအပ်သောနေရာ များသို့လည်း စိစစ်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ