နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးမိတ်မြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးမိတ်၊ ဇန်နဝါရီ  ၁၆

  ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာနေ လီလေး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၂၅ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် လီလေး(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာနေ မျိုးဇော်ထွန်း(ခ)မျိုးထွန်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ကော်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မျိုးဇော်ထွန်း(ခ)မျိုးထွန်း(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ