နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းခတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုင်းခတ်၊ ဇန်နဝါရီ  ၁၆

  ဇန်နဝါရီ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းခတ်မြို့နယ်၊ ခြောက်ထပ်ကွေ့ကျေးရွာနေ ဆောဂါ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြားသိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီအချိန်တွင် အဆိုပါနေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် နွေလိုထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားအား လည်းကောင်းသိမ်းဆည်းရမိခဲ့ပါသည်။


ဆက်လက်၍ ကွင်းဆက်အရ ခြောက်ထပ်ကွေ့ကျေးရွာအနီးတွင် လီးလို နှင့် ဂျူးမေ တို့ ၂ ဦးအား မော်တော်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ညနေ ၆ နာရီခွဲ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းခတ်မြို့နယ်၊ ပန်ဆေးကျေးရွာအနီးတွင် အိုက်ခမ်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဆောဂါ(၃၅)နှစ်၊ နွေလို(၂၁)နှစ်၊ လီးလို(၂၁)နှစ်၊ ဂျူးမေ(၁၈)နှစ်၊ အိုက်ခမ်း(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ