နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးမြို့နယ်တွင် ယာဉ်တိမ်းမှောက် ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ  ၁၅

 ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၁၁/၆)နှင့် (၁၁/၇)ကြားတွင် ရန်ကုန်မှ ပဲခူးသို့ ယာဉ်မောင်း စိုးဇော်ထွန်း မောင်းနှင်ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၉ ဦးတို့လိုက်ပါလာသော ယာဉ်အမှတ်၊ BGO/1P------ Light Truck ယာဉ်သည် ရှေ့ယာဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းနှင့် (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၉ ဦး အနက် အမျိုးသားတစ်ဦး၊ အမျိုးသမီး ၅ ဦးတို့တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဦးတွင် ထိခိုက် ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့သောကြောင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း စိုးဇော်ထွန်း အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ