နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 480 ပါဝင်သည့် Vivo Y31s စမတ်ဖုန်းကို ကြေညာ

ဇန်နဝါရီ   ၁၅

Vivo က Snapdragon 480 Chipset သုံး ပထမဆုံးစမတ်ဖုန်းအဖြစ် Vivo Y31s ကိုကြေညာလာပြီး အဆိုပါစမတ်ဖုန်းမှာ ၆ ဒသမ ၅၈ လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားကာ 90Hz Refresh Rate ထောက်ပံ့ထားသည်။ Waterdrop Notch မှာ ရှေ့ကင်မရာ 8MP ပါဝင်ပြီး ကျောဘက်ကင်မရာနှစ်လုံးက 13MP + 2MP ဖြစ်ကာ LED Flash ဖြင့် ထောက်ပံ့ထားသည်။

ဘက်ထရီ 5000 mAhပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်ကာ Android 11 အခြေပြု FunTouch OS 10.5 သုံးထားသည်။ အဆိုပါဖုန်းကို Gray ၊ Gradient ၊ Red အရောင်တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

Snapdragon 480 သုံးထားသည်နှင့်အညီ Vivo Y31s က mmWaveနှင့် Sub-6 GHz 5G Networks တို့ ထောက်ပံ့ထားသည်။ RAM4GB နှင့် RAM6GB တို့ဖြင့် ရွေးချယ်နိုင်ပြီး Storage 128GB ပါဝင်သည်။

အဆိုပါ စမတ်ဖုန်းကိုဈေးနှုန်းအနေဖြင့် 4/128GB ဗားရှင်းကို၂၃၂ ဒေါ်လာနှင့် 6/128GB ကို၂၆၃ ဒေါ်လာသတ်မှတ်ထားကြောင်းသိရသည်။                                                                                               (သူရိန်)






အခြားဆက်စပ်သတင်းများ