နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mate30 Series နှင့် P40 Series တို့တွင် EMUI 11 Software Update အသစ်အသုံးပြုနိုင်

ဇန်နဝါရီ   ၁၅

EMUI 11 Software Update အသစ်ကိုအချို့သော Mate30 Series နှင့် P40 Series တို့တွင် စတင်ရရှိနေပြီ ဖြစ်သည်။ EMUI 11 တွင် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံများကိုရရှိစေမည့် Features အသစ်များပါဝင်လာမည်ဖြစ်ပြီး Windows PC နှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် Multi-Screen Collaboration အဆင့်မြှင့်တင်မှုများ၊ လှပသေသပ်ပြီး ကိုယ်နှစ်သက်ရာပုံတွေကို ကာဗာထားနိုင်မယ့် Galleryပိုင်း အပြင်အဆင်၊ Scan ဖတ်ထားသည့် Document မှတစ်ဆင့် စာသားများကို ဆွဲထုတ်ရယူနိုင်မည့် Notepad Features အသစ်၊ လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပြောင်းလဲလုပ်ဆောင်နိုင်စေမည့် App Bubble Feature အသစ်နှင့် Floating Windows များကို Size အတိုးအလျှော့ပြုလုပ်နိုင်မည့် Feature များပါဝင်လာသည့်အပြင် UI Deisgn ကိုလဲပြောင်းလဲထားပြီး Always-On Display တွင် Theme အသစ်များနှင့် အဆင့်မြှင့်တင်ပေးထားသည်။

EMUI 11 Update ကို HUAWEI P30 Series၊ Mate 20 Series၊ Nova 7၊ Mate Pad Pro နှင့် Media Pad M6 စသည့် မော်ဒယ်များအတွက်လည်း မကြာမီအချိန်အတွင်းမှာပင်ရရှိလာတော့မည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖော်ပြပါလင့်ခ် https://consumer.huawei.com/en/emui-11/ ထဲတွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

     (WP)






အခြားဆက်စပ်သတင်းများ