နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
SOP စံသတ်မှတ်ချက်များနှင့်အညီ လေကြောင်းခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲပေးလျက်ရှိ

ရန်ကုန်  ဇန်နဝါရီ   ၁၅

မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းခရီးစဉ်အားထားရသော ပြည်တွင်းမြို့များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operation Procedure – SOP)နှင့်အညီ စတင်ပျံသန်းပြေးဆွဲပေးရာ ခရီးသည်များအနေဖြင့် Face shield နှင့် Mask တို့ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မေတ္တာရပ်ခံထားပြီးဖြစ်သည်။

ခရီးသည်များအနေဖြင့် မိမိတို့သွားလိုသော ခရီးစဉ်၏ အချိန်ဇယားများကို (https://www.flymna.com/plan-a-trip/flight-schedule) တွင် အချိန်နှင့်တပြေးညီဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည့်အပြင်  Booking ပြုလုပ်လိုပါက ဖော်ပြပါလင့်ခ် www.flymna.com တွင်ဝင်ရောက်ပြုလုပ်နိုင်ပြီဖြစ်သည်။ အသေးစိတ် အချက်အလက်များကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်သည်။
                                                                                             (WP)






အခြားဆက်စပ်သတင်းများ