နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဒဂုံတွင် သက်ကြီးလူရွှင်တော်များအတွက် ဘိုးဘွားရိပ်သာဆောက်လုပ်နေသည့် လူရွှင်တော်အသင်း

ရန်ကုန်  ဇန်နဝါရီ   ၁၅

ဝါရင့်သက်ကြီးလူရွှင်တော်များအတွက် လူရွှင်တော်အသင်းဥက္ကဌ ဒိန်းဒေါင်ဦးစီးပြီး သက်ကြီးလူရွှင်တော် ဘိုးဘွားရိပ်သာဆောက်လုပ်လျက်ရှိကြောင်းကို လူရွှင်တော်အသင်းဘဏ္ဍာရေးမှူးဖြစ်သည့် ချက်ကြီးက မီဒီယာများထံ ပြောပြလာသည်။ လူရွှင်တော်ဥက္ကဌ ဒိန်းဒေါင် ဦးဆောင်သည့် လူရွှင်တော်အသင်းသည် မြောက်ဒဂုံမြို့နယ်တွင် လူရွှင်တော် ဘိုးဘွားရိပ်သာဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။  

“မြောက်ဒဂုံက မိဘကျေးဇူးဆပ်ဘုရားမှာ လူရွှင်တော် ဘိုးဘွားရိပ်သာ ဆောက်နေပါတယ်။ အဲဒီမှာ ထားမယ့် ဘိုးဘွားတွေကိုတော့ အသက်အရွယ်အားဖြင့် (၆၅) နှစ်အထက်ပေါ့နော် ကန်တော့ခံ ဘိုးဘွားတွေ ထဲမှာပါတဲ့သူတွေထားမယ်ပေါ့နော်။ ဒီရိပ်သာမှာအယောက်(၂၀)လောက်တော့ အသာလေးဆန့်မယ်လို့ မြင်ပါတယ်။ လောလောဆယ်တော့ ဘိုးဘွားရိပ်သာမှာ ရန်ကုန်က လူရွှင်တော်သက်ကြီးဘိုးဘွားတွေကို ထားဖို့ရည်ရွယ်ပါတယ်။ နောက်ကျရင်တော့ မော်လမြိုင်၊ ပဲခူး၊ ပြည်၊ မန္တလေးတွေအထိ ဆောင်ရွက်သွား ဖို့လည်း ရည်ရွယ်ထားတယ်”  ဟု ယင်းက ပြောသည်။

ယခုလက်ရှိ လူရွှင်တော်အသင်းတွင် ဦးဒိန်းဒေါင်(ဥက္ကဌ)၊ ကိုအုန်းသီး(ဒုဥက္ကဌ)၊ ကိုပိုးလေး (အတွင်းရေးမှူး ၁)၊ ကိုကံပွင့်(အတွင်းရေးမှူး ၂)၊ ကိုချက်ကြီး(ဘဏ္ဍာရေးမှူး)၊ ကိုချစ်ချော (စာရင်းစစ်)၊ ကိုမျောက်ရှုံး (စည်းရုံးရေးမှူး)၊ ကိုစိစိနဲ့ ကိုစူပါတို့က အဖွဲ့ဝင်များ၊ ကိုစိန်ပန်းသီး( ပြန်ကြားရေး)၊ ကိုအောင်ချစ်(တွဲဖက်ပြန်ကြားရေး)အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည့် အပြင် ချွန်တွန်းပရဟိတအဖွဲ့ကို လည်း ၂၀၁၉ ခုနှစ်အတွင်းမှာပင် စတင်ဖွဲ့စည်းထားကြောင်း သိရသည်။                                         

(HWY)






အခြားဆက်စပ်သတင်းများ