နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ် အတွင်းရှိ ရပ်ကွက် များသို့ Mobile Market စျေးကားများ ဆက်လက်ရောင်းချ

ရန်ကုန်  ဇန်နဝါရီ  ၁၆

    ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်းအိမ်ရာနှင့် အမှတ်(၂)ရပ်ကွက် မြကန်သာအိမ်ရာ  ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၇နာရီ မှစတင်ကာ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ညီနောင်အသင်းများမှ ပူးပေါင်း၍ စျေးကားများဖြင့် (Mobile Market) မီးဖိုချောင်စားသောက်ကုန်များဖြစ်သော   ရေချို/ရေငန်  ငါးပုဇွန်အမျိုးမျိုး၊ ဆီ၊ အားလူး၊ ကြက်သွန် ကြက်ဉ ၊ဘဲဉ စသည့်ကုန်ခြောက်မျိုးစုံ၊ ချဉ်ပေါင်၊ ကန်စွန်း၊ ကိုက်လန်၊ဆလပ် ဟင်းသီးဟင်းရွက်အစုံအလင်၊ ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ဝက်သား အသားမျိုးစုံတို့အား ရွေ့လျားစျေး ကားယာဉ် (၉)စီးဖြင့် လှည့်လည်‌ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ စျေးဝယ်လာတစ်ဦးက “ကိုဗစ်ကာလမှာ စျေးကားများဖြင့် မီးဖိုချောင် စားသောက်ကုန်များကို စျေးနဲ့အလှမ်းဝေးတဲ့ မိမိဝန်ထမ်းအိမ်ရာဝင်းထဲအထိ လာရောက်ရောင်းချပေးတာ အစစအရာရာများစွာ အဆင်ပြေတာပေါ့ ရုံးချိန်အမီအလွယ်တကူ စျေးလဲဝယ်ယူရတယ် ‌‌ကျန်းမာရေး အတွက်လည်း စိတ်သိပ်ပူစရာမလိုတော့ဘူး မျှတတဲ့စျေးနှုန်းလေးတွေနဲ့ ဆိုတော့ အစစအဆင်ပြေတယ်လို့ ပဲပြောရမှာပေါ့” လို့ ပြောကြားသွားသံကိုလည်း ကြားသိရပါသည်။ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များကလည်း အားတက်သရော အင်းအားပြည့်ဖြင့်လိုအပ်သည် များကို လစ်ဟာမှုမရှိအောင် စနစ်တကျ ဝိုင်းဝန်းဆောင်ရွက် ပေးခဲ့ကြသည်။

ကျော်မင်းထိုက်






အခြားဆက်စပ်သတင်းများ