နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လဲချားမြို့နယ်ရှိ ကျေးရွာ ၂၇ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

လဲချား ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ရွာတွင်တစ်အိမ်သုံးဆိုလာစနစ် ဖြင့် မီးရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးရွာ ပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေများဖြင့် မီးရရှိရေးဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံးပြီးစီးနေ ပြီဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်သည့် ကျေးရွာ ၂၇ ရွာမှာ ဝမ်ကန်၊ ပန်ဆနန်း၊  မတ်ကောက် ၊ ခိုစိုက်၊ နမ့်လေ၊ နားယောင်း၊ နောင်ဆိုင်၊ ပါရင်၊ ကုန်းကောက်၊ ဝမ်လုတ်၊ နမ့်ပေါက်၊ နောင်ကျိုင်၊ ကွန်ကျိုင်း၊ ဟိုနား၊ နားမန်း၊ နောင်မွန်း၊ ပန်တန်၊ ဝမ်နောင်၊ နမ့်ကတ်၊ ဝမ်ကတ်၊ ကုန်းကတ်၊ ဘုရားလင်ဆီ၊ နမ့်မော်တိန်း၊ နားလွယ်၊ ပန်မိုင်တိုင်း၊ ဝမ်းမွန်း နှင့် ကုန်းယိကျေးရွာများဖြစ်ပြီး ယင်းကျေးရွာ ၂၇ရွာတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၃၄၇) စုံ၊ ၁၀၀ဝပ်ဆိုလာ (၂၂၄) စုံ၊ လမ်းမီးတိုင် (၇၆) စုံ၊ မူလတန်းကျောင်းအတွက် (၅) စုံ၊ ဘာသာရေးအဆောက်အဦအတွက် (၇) စုံ၊ ကျေးလက်ဆေးပေးခန်းအတွက် (၁) စုံ၊ စုစုပေါင်းဆိုလာ (၆၆၀) စုံကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလအတွင်းက စတင်တပ်ဆင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်း နှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ထည့်ဝင်ရပြီး ဆိုလာစနစ် တစ်စုံစာအတွက်ကျန်ရှိသည့်တန်ဖိုးကို       စီမံကိန်းရန်ပုံငွေမှကျခံပေးခြင်းပြီးစီမံကိန်း ကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကိုစီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း လဲချားမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း ကပြောပြ၍သိရသည်။

ငြိမ်းသူ






အခြားဆက်စပ်သတင်းများ