နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတောင်ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများအတွက်ငွေလှူဒါန်း

မန္တလေး ဇန်နဝါရီ ၁၅

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိအမြင့်ပေ (၇၇၆) ပေတွင်တည်ရှိပြီးတောင်(၉)လုံး ခြံရံလျက်ရှိသော မန္တလေးတောင်တွင် သက္ကရာဇ်(၁၀ဝ)ခုနှစ်မှ စတင်ပြီး  ဆုတောင်းပြည့် စေတီတော်နှင့် ဘုရား၊တန်းဆောင်း၊ဂူ၊ ကျောင်း၊ ပြာသာဒ်များအား တည်ဆောက်ပြုလုပ် လှူဒါန်းကိုးကွယ်ခဲ့ကြသည်။

မန္တလေးတောင်ဘက်စုံပြုပြင်မွန်းမံခြင်းအတွက် စေတနာရှင်များက အလှူငွေများလှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၁၄ရက်ကအဘိဓဇမဟာရဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ကြီး၏ အသက်တော်(၁၅၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇယမေဒနီအရှင်နန္ဒိယနှင့် ဝါဆိုကျောင်းတပည့်သံဃာများမှ မန္တလေးတောင်တက်ကား လမ်းနိုင်လွန်ကတ္တရာခင်းခြင်းအတွက် ကျပ်(၂)သိန်း၊မန္တလေးမြို့နန်းရှေ့နေဒေါ်မြငယ်ခိုင်ကငွေကျပ်(၁)သိန်း၊               ဒေါက်တာအောင်ကျော်ဖြိုး+ဒေါ်မြသွယ်ခိုင်မိသားစုက ငွေကျပ်(၁)သိန်း၊  ဆုတောင်းပြည့်ဘုရားမှန်စီတိုင်နှစ်မျက်နှာ      မှန်စီရွှေသွင်းခြင်းအတွက် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်နေရွှေပန်းတိမ် ဆရာကြီး ဦးတင်အောင်+ ဒေါ်ဝင်း မိသားစု ကငွေကျပ်၃သိန်းတို့ကိုလာရောက်လှူဒါန်းရာဂေါပကအဖွဲ့ဥက္ကဌဦးသိန်းထွန်းနှင့်အမှုဆောင်များက လက်ခံရ ယူပြီးဂုဏ်ပြုလွာပေးအပ်သည်။         

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ