နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနော်ရထာလမ်းမြောက်ဘက်ခြမ်း ရေနုတ်မြောင်းချဲ့တွင်

ရန်ကုန် ဇန်နဝါရီ ၁၅

ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်စွာဝင်း ၊ အဖွဲ့ဝင်(၁)ဒေါက်တာ ဟန်စိုးမင်း၊ အဖွဲ့ဝင်(၂) ဦးကိုကိုနိုင်နှင့် အတွင်းရေးမှူးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသက်နောင်ဝင်းတို့သည် ဇန်နဝါရီ ၁၄ရက် ညနေပိုင်းက ရေစီးရေလာ နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အနော်ရထာ လမ်းမကြီးမြောက် ဘက်ခြမ်း (၃၅လမ်းနှင့်၃၆လမ်း)အကြားတွင် မြို့အင်္ဂါရပ်နှင့်မညီသည့် ရေနုတ်မြောင်းယခင်အကျယ် ၁ ပေ ၆ လက်မ အားချဲ့ထွင်၍ အကျယ် ၃ ပေ အနက် ၄ ပေ ရရှိစေရန်ဆောင်ရွက်နေသည်ကို မြို့နယ်ရေစီးရေလာ လုပ်ငန်းတာဝန်ခံ အရာရှိ ဒေါ်မိုးမိုးအေးမှရှင်းလင်းပြသရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌမှ အဆောက်အဦးဘက်အခြမ်းများ၌ ကြံ့ခိုင်မှုအားနည်းနေသည့်နေရာများ ၊ မြေအောက်လျှပ်စစ်ကေဘယ်ကြိုးများအား ဂရုတစိုက် ဖြင့်အန္တရာယ်ကင်းရှင်းစွာ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့စဉ်။

မောင်မောင်






အခြားဆက်စပ်သတင်းများ