နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများဈေးဝယ်ယူရန်အဆင်ပြေစေရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့်သန့်ရှင်းလတ်ဆတ်သော သား / ငါးနှင့်ကုန်ပစ္စည်းများအားရန်ကင်းမြို့နယ်အတွင်းလှည့်လည်ရောင်းချ ပေး

ရန်ကုန် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင် အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ COVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများ ဝေလံသော ဈေးများသို့ သွားရောက်ဝယ်ယူရန်မလိုဘဲ COVID - 19 ကပ်ရောဂါအထိုက်အလျောက် ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သန့်ရှင်းလတ်ဆတ်သော သားငါးနှင့် ကုန်ပစ္စည်းများအား မြို့နယ်အရောက် Mobile Marketဈေးကား(၉) စီးဖြင့် ယနေ့နံနက် ၇နာရီက ရန်ကင်းမြို့နယ်အမှတ်(၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင် ဝန်ထမ်းအိမ်ရာဝန်း၌ လည်းကောင်းအမှတ်(၅)ရပ်ကွက် ရန်အေးလမ်းရှိ ရွှေအုန်းပင်အိမ်ရာဝန်း၌ လည်းကောင်း အမှတ်(၁၃)ရပ်ကွက် သစ္စာလမ်းသံလမ်း မှတ်တိုင်အနီးရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် ရှေ့၌လည်းကောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံး နှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးတို့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ စနစ်တကျ ရောင်းချပေးခဲ့ကြောင်းသိရသည်၊

ယနေ့ရောင်းချပေးသောဈေးကားများတွင် ကြက်သား၊ ဝက်သား ၊အမဲသား ၊ဆိတ်သား၊ အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ ဘဲဥ၊ စားသောက်ကုန်ခြောက် နှင့်စားသုံးဆီများပါဝင်ပြီး လူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်Mobile Market ရွေ့လျားဈေးကားများဖြင့် စက်တင်ဘာ၂၆ရက်နေ့မှ စတင်၍ မြို့နယ်အရောက် သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားလှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ