နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများကိုမူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

ရန်ကုန် ဇန်နဝါရီ  ၁၅

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများကိုဇန်နဝါရီ ၁၄ ရက်က တောင်ကြီး ခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းမှ မူလတောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်အတွင်းရှိကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့် ကန်တော်မင် ဧရိယာ(၁၀၆၃၄ ဒသမ ၉၅၆)ဧကအတွင်းရှိစိုက်ပျိုးမြေဧရိယာ(၅၁၈၄ ဒသမ ၇၀)ဧကကိုမူလ တောင်သူ (၁၁၁၆) ဦးထံပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

ယခုကဲ့သို့  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို ပြန်လည်ရရှိခဲ့ကြသည့် မူလတောင်သူ           (၁၁၁၆) ဦးသည် ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာအုပ်စုနှင့် လွယ်ကိုး ကျေးရွာအုပ်စုတို့မှ တောင်သူများဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေများအနက် ယခုအကြိမ်သည် ပမာဏအများ ဆုံးဖြစ်သည့်အပြင် အစိုးရသစ်လက်ထပ် တာဝန်ယူစဉ်ကာလအတွင်း၌ ဌာနများမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေများတွင်လည်းပမာဏအများဆုံး ဖြစ်ကြောင်းသိရသည်။

(KST)






အခြားဆက်စပ်သတင်းများ