နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြောင်းအရွှေ့ပျက်ပြယ်မှုကြောင့် သူ့ရဲ့ခြေစွမ်းတွေထိခိုက်စေခဲ့တယ်ဆိုတဲ့ ဂျေဒန်ဆန်ချို

ဇန်နဝါရီ   ၁၅


မန်ယူနိုက်တက်အနေနဲ့ ဂျေဒန်ဆန်ချိုကို ပြီးခဲ့တဲ့နွေမှာ ခေါ်ရတော့မယ့်အနေထားထိဖြစ်ခဲ့ပေမယ့် ဒေါ့မွန်ကြောင့် ပွဲပျက်သွားရပါတယ်။ ဂျေဒန်နဲ့ဒေါ့မွန်ကြားမှာ ယူရိုသန်း ၁၂၀ နဲ့ ကမ်းလှမ်းခဲ့ရင် လက်ခံ ရမယ်ဆိုတဲ့ကမ်းလမ်းချက်ပါဝင်ခဲ့သလို ယူနိုက်တက်နဲ့ဒေါ့မွန်အကြားမှာလည်း ငွေပေးချေမှုပုံစံကို ကနဦး သဘောတူညီခဲ့တဲ့အတိုင်းမဟုတ်ပဲ တတိယအဖွဲ့အစည်းကို ကြားခံသုံးထားပြီး ယူရိုသန်း ၁၂၀ အတိအကျ အကျေချေရမယ်ဆိုခဲ့တာကြောင့် ပွဲပျက်ခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့် ဆန်ချိုဟာ ဘိုင်ယန်ကိုရှုံးခဲ့တဲ့ ဗိုလ်လုပွဲနဲ့ ဘွန်ဒက်စ်လီဂါတစ်ပွဲကို ကျန်းမာရေးအကြောင်းပြချက်နဲ့နှုတ်ထွက်ခဲ့ပြီး အဂ်လန်မှာတော့ သူဟာ ပါတီတက်နေတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဒီလိုတွေဖြစ်ပျက်ပြီးနောက် ဒေါ့မွန်မှာ ဂျေဒန် ခြေစွမ်းပြဖို့ ခက်ခဲလာပြီး ဘွန်ဒက်စ်လီဂါအတွက် ပထဆုံးဂိုးကိုတောင် လွန်ခဲ့တဲ့ရက်ကမှရယူနိုင်ခဲ့တာပါ။ ဂျေဒန်        “ကျွန်တော့်အတွက် သီးသန့်ပြောရမယ်ဆိုရင် ဒီရာသီကတကယ်ကိုပဲ ခက်ခဲလွန်းနေပါတယ်။ ကျွန်တော်ရဲ့ စိတ်အာရုံနဲ့ ဝေးကွာနေတာကိုသတိပြုမိမှပဲ ကျွန်တော်အရာရာကိုပြန်လည်အာရုံစိုက်ပြီး မူလအနေထားပြန် ရအောင်လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်ကလေ့ကျင့်ရေးမှာ အလုပ်ကြိူးစားသလို ကွင်းထဲမှာလည်း ပြင်းပြင်း ထန်ထန်လိုက်ပါကစားတတ်သူဖြစ်လို့ အခုလို ဂိုးတွေ ဖန်တီးမှုတွေရတာကိုဝမ်းသာပါတယ်”လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီဘွန်ဒက်စ်လီဂါမှာ ၁၇ ဂိုးရခဲ့ကာ ပြိုင်ပွဲစုံဂိုး+ဖန်တီးမှု ၄၂ ဂိုးရှိခဲ့တဲ့ ကစားသမား ဖြစ်တာကြောင့် ညာတောင်ပံလိုအပ်နေတဲ့ မန်ယူနိုက်တက်က ခေါ်ယူလိုနေပြီး ဒေါ့မွန်ကြောင့်သာ ပျက်ပြယ် ခဲ့တာပါ။ မန်ယူနိုက်တက်အနေနဲ့ ဂျေဒန်ကို လာမယ့်နွေမှာ အဓိကခေါ်ယူမယ့်ကစားသမားအဖြစ်လည်းယူဆထားပါတယ်။ ဒေါ့မွန်အမှုဆောင်ချုပ် ဝါဇ်ကီကတော့ သူတို့မှာမရောင်းချနိုင်တဲ့ ကစားသမားမရှိပဲသင့်တော်တဲ့ကမ်းလှမ်းမှုသာလိုတယ်လို့ ထုတ်ပြောထားပါတယ်။ ယူနိုက်တက်က ဒီပြိုင်ပွဲမှာ ပုဂ္ဂိုလ်ရေးသဘော တူညီမှုနဲ့ နှုတ်ကတိရယူထားနိုင်သလို ပြိုင်ဘက်တွေထက်တော့လက်တစ်လုံးခြားအသာရနေပါတယ်။ စာချုပ်လက်ကျန်လျော့နည်းတာ၊ မနှစ်က ခြေစွမ်းကျဆင်းသွားတာနဲ့ သူ့ရဲ့အင်္ဂလန်ပြန်လာချင်စိတ်ပြင်းပြ နေတာတွေကြောင့် ဂျေဒန်ကိုလာမယ့်နွေမှာ မန်ယူနိုက်တက်အနေနဲ့ ယူရိုသန်း ၁၂၀ ထက်လျော့နည်းကာ ရရှိနိုင်ပါလိမ့်မယ်။                                                                                                                     (SO)






အခြားဆက်စပ်သတင်းများ