နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူ့ကိုအကောင်းဆုံးထောက်ကူပေးမယ်လို့ ပေါဂ့်ဘာပေးခဲ့တဲ့ ကတိကိုပြောပြလာတဲ့ ဘရူနိုဖာနန်ဒက်စ်

ဇန်နဝါရီ   ၁၅


မန်ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါဂ့်ဘာတို့ရဲ့ ကွင်းလယ်တွဲဖက်မှုဟာမြင့်မားတဲ့ အောင်မြင်မှု တွေမရရှိသေးပေမယ့် အသင်းကို ထမ်းတင်နေကြသူတွေဖြစ်ပါတယ်။ ဖာနန်ဒက်စ်က တိုက်စစ်ပိုင်းဘက်နဲ့ ပေါဂ့်ဘာက ခံစစ်နဲ့ချိတ်ဆက်မှု့တို့ကို  တာဝန်ယူခဲ့တဲ့အချိန်မှာ အသင်းကပိုကောင်းလာခဲ့ပါတယ်။ ဖာနန်ဒက်စ် စရောက်ထဲက ပေါဂ့်ဘာအနေနဲ့ မန်ချက်စတာမှာ အိမ်ဝယ်တာကနေစပြီး ကူညီခဲ့သလို နည်းစနစ်ပိုင်းအရ လိုက်လျောညီထွေရှိစေဖို့လည်း ပြင်ဆင်ခဲ့တယ်လို့ ဖာနန်ဒက်စ်က  ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်က “ကျွန်တော်နဲ့ ပေါဂ့်ပါကြားမှာ ရှိတဲ့ဆက်ဆံရေးက ကောင်းမွန်ပါတယ်။ သူနဲ့ကျွန်တော်က အစောပိုင်းမှာတုန်းက အီတလီလိုပဲပြောနေကြတာပါ။ ကျွန်တော်တို့နှစ်ယောက်လုံးကြားမှာ ဘာသာစကား နားလည်မှုက တကယ်ကိုအရေးပါခဲ့ပါတယ်။ ဒါကြောင့်လည်း သူနဲ့ကျွန်တော် အလုပ်တူလုပ်ကြတဲ့အခါ အရာရာကလွယ်ကူနေတာပါ။ ကျွန်တော်လေ့ကျင့်ခန်းဆင်းနေတဲ့ တစ်ခါတစ်ရံအချိန်တွေဆိုရင် သူလှမ်းခေါ် ပြီးတော့ ‘ငါမင်းလှုပ်ရှားပုံတွေကိုတွေ့တယ်၊ ဒါတွေစိတ်ပူမနေနဲ့ ငါသာကြံ့ခိုင်မှုအပြည့်ရလာရင် မင်းကို ထောက်ပံ့ပေးမယ်လို့၊ ငါပွဲထဲပြန်ရောက်လာတာနဲ့ မင်းကိုငါ ဘယ်လိုရှာဖွေမလဲဆိုတာပြမယ်၊ ဘယ်ကနေ ညာဖြစ်စေ၊ ခံစစ်မှုးတွေအနောက်မှာဖြစ်စေ ငါမင်းကိုရအောင်ရှာမယ်’လို့ ကတိပေးခဲ့တာပါ။ 

ဒါကကျွန်တော်ကို ယုံကြည်မှုများစွာရစေခဲ့တယ်လေ။ သူပြန်လာတယ်ဆိုတာနဲ့ပဲ ကျွန်တော်ကိုလည်း အမှန်တကယ်ရှာဖွေခဲ့သလို သူကအသင်းကိုပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်” ဘရူနိုက ယူနိုတက် ကစားသမားဟောင်း ရော်နယ်ဒိုနဲ့ပက်သက်လို့ “သူနဲ့ကျွန်တော်က အမြဲတမ်း မန်ယူနိုက်တက်အကြောင်း တွေပြောလေ့ရှိပါတယ်။ သူကလည်း ကျွန်တော်ကို အကြံဉာဏ်တချို့ပေးလေ့ရှိပြီး ဒါကတကယ်ကိုပဲ အရေးပါပါတယ်။ ကျွန်တော်ဒီအသင်းကို ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းရွှေ့လာမှာဆိုပေမယ့် ရော်နယ်ဒိုနဲ့ တိုင်ပင် ဆွေးနွေးပြီးနောက် တူညီတဲ့အဖြေရရှိတာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ သူက ကျွန်တော်ကို ဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့စေချင်ခဲ့ပြီး သူက ‘မင်းသွားလိုက်ပါ သူတို့ ပရိတ်သတ် တွေနဲ့ဆို မင်းတကယ် ဒီကလပ်ကိုချစ်သွားလိမ့်မယ်။ ဒါဆိုမင်းနောက်ကို အောင်မြင်မှုက လိုက်လာပါလိမ့် မယ်’ လို့ပြောခဲ့ပါတယ်။                                                                                                               (SO)






အခြားဆက်စပ်သတင်းများ