နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ် ကစားသမားဒါဂျာကူကိုခေါ်ယူရန် အေစီမီလန်အသင်းစီစဉ်

ဇန်နဝါရီ   ၁၅


ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဒါဂျာကူကိုခေါ်ယူရန် စီးရီးအေကလပ် အေစီမီလန်အသင်းက စီစဉ်နေကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ်ရှိဒါဂျာကူသည် စတုဂတ်အသင်းလူငယ်အစီအစဉ်မှ ပေါ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်းသို့ရောက်စတွင် အရန်အသင်း၌သာ ကစားနေရသည့် ကစားသမားဖြစ်သည်။

ဒါဂျာကူသည် ဘိုင်ယန်မြူးနစ်အရန်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်သည့်အတွက် အသင်းကြီးသို့ ခေါ်ယူခြင်းခံခဲ့ရသော်လည်းအသင်းတိုက်စစ်ပိုင်းတွင် လီဝမ်ဒေါစကီးရှိနေသည့်အတွက် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရသည်။ အေစီမီလန်အသင်းသည် ဒါဂျာကူကိုအငှားစာချုပ်ဖြင့် ခေါ်ယူသွားမည် ဖြစ်ပြီး အငှားစာချုပ်သက်တမ်းကုန်ဆုံးပါက အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူညီချက်ကိုထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဒါဂျာကူသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပွဲထွက်ခွင့်နှစ်ကြိမ်သာရရှိထားသည့် အခြေအနေကြောင့် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့်အတွက် အသင်းကယင်း၏ အနာဂတ်နှင့်ပတ်သက်ပြီးဆုံးဖြတ်ပေးရတော့မည့် အခြေအနေဖြစ်နေကြောင်းသိရသည်။                                                                         

  (သူရိန်)






အခြားဆက်စပ်သတင်းများ