နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်တို့ဖလာမင်ဂိုကို ပါဘလို မာရီအတွက် ယူရိုတစ်သန်းပေးရဖွယ်ရှိနေ

ဇန်နဝါရီ   ၁၅


အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ပါဘလို မာရီကို ခေါ်ယူစဉ်က ဖလာမင်ဂိုအသင်းနဲ့ သဘောတူညီချက်အရ လာမယ့်ပွဲမှာ ဘတ်ဂျက်ထဲကနေ ယူရိုတစ်သန်း ထပ်မံကုန်ကျဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဇန်နဝါရီမှာ အငှားပြောင်းရွှေ့ကြေးနဲ့ လစာငွေ စုစုပေါင်း ယူရို ၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်နောက်ခံလူဟာ ပွဲများများ မကစားရခင်မှာ ဒဏ်ရာရသွားခဲ့ပေမယ့် နည်းပြ  အာတီတာရဲ့ ထောက်ခံမှုနဲ့ ခေါ်ယူဖြစ်ခဲ့ပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို ၄ သန်း ပေးချေခဲ့ရပါတယ်။   အခြားအချက်အလက်တွေကတော့ ပွဲကစားခွင့်အပေါ် မူတည်ပြီး ထပ်မံပေးချေရမှာဖြစ်တာကြောင့် တစ်ပွဲကစားတိုင်း ယူရိုတစ်သိန်းနဲ့ ဆယ်ပွဲ ပြည့်ချိန်မှာ တစ်ဖြတ်စီ ယူရိုတစ်သန်း ပေးချေရတာဖြစ်ပါတယ်။ ပွဲ ၈၀ အထိ ယူရို ၈ သန်းကို ပေးချေသွားရမှာ ဖြစ်တယ်လို့ ဘရာဇီးလ် သတင်းဌာန ဂလိုဘို အက်စပိုတီက ဖော်ပြထားပါတယ်။   အသက် ၂၇ နှစ်အရွယ် နောက်ခံလူအနေနဲ့ ပရီးမီးယားလိဂ်-၂ မှာ ယူ-၂၃ အသင်းနဲ့ ၂ ပွဲ၊ ပရီးမီးယားလိဂ် ၃ ပွဲ၊ ယူရိုပါလိဂ် ၂ ပွဲနဲ့ အက်ဖ်အေဖလား ၁ ပွဲ စုစုပေါင်း ၉ ပွဲအထိ ကစားပြီးပြီဖြစ်လို့ လာမယ့် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ ပထမဆုံးအရစ်ကို ပေးချေရမယ့်ပွဲလည်း ဖြစ်နေခဲ့ပါတယ်။ 

အာဆင်နယ်တို့အနေနဲ့ ဒီပွဲမှာ မာရီကို သုံးစွဲလိုက်တာနဲ့ ယူရိုတစ်သန်း ပေးချေရမှာဖြစ်လို့ ငွေမပေးချေ ချင်သေးရင် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို သူ့နေရာမှာ ပွဲထုတ်လာနိုင်ခြေလည်း ရှိနေပါတယ်။    ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ မာရီဟာ ပါဝင်တဲ့ ၉ ပွဲမှာ ၈ ပွဲ အနိုင်ရထား တာကြောင့် ငွေရေးကြေးရေးထက် နည်းပြ အာတီတာရဲ့ ပွဲထွက်လူစာရင်းတည်ငြိမ်မှုကသာ ပိုမိုအရေးကြီး တာကြောင့် ချန်လှပ်ထားဖို့တော့ ဖြစ်နိုင်ခြေ နည်းနေတာပါ။    နည်းပြ အာတီတာအနေနဲ့ ဗဟိုခံစစ်အတွဲမှာ ပါဘလိုမာရီနဲ့ ခြေစွမ်းပြနေတဲ့ ဟိုးလ်ဒင်းတို့ထဲက ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာနဲ့ ဖလာမင်ဂိုတို့ ပထမဆုံးအရစ် ယူရိုတစ်သန်းကို ပေးရေးမပေးရေးဆိုတာ စောင့်ကြည့်ရဖို့လိုပါတယ်။                          (SO)






အခြားဆက်စပ်သတင်းများ