နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်၌ CERPအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးများအား မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူ

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စပါး စိုက်ပျိုးချိန်တွင် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို အလွယ်တကူရရှိနိုင်ရေးအတွက် CERP ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မျိုးသန့်မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးကာ ရရှိလာသည့် စပါး များကို မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူဆောင်ရွက်နေပြီး တောင်သူများ လိုအပ်ချိန်တွင် ပြန်လည်၍ ရောင်းချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း CERP ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် စပါးစိုက် ဧကပေါင်း(၁၀၀၉)ဧကရှိသည့်အနက် ရိတ်သိမ်းပြီးသည့် ဧက(၆၅၆)ဧကရှိရာ ရိတ်သိမ်းပြီးသည့် စပါးများကိုလည်း မျိုးစပါးများအဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးတစ်တင်းလျှင်ငွေကျပ် ၇၃ဝဝ နှုန်းဖြင့် ပြန်လည်ဝယ်ယူ ဆောင်ရွက်နေသလို တောင်သူများကလည်း ၄င်းတို့၏ အစီအစဉ်များဖြင့်             ပြန်လည်၍ရောင်းချမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ