နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်ကို မြောက်ကိုရီးယား ပြသ

ပြုံယမ်း   ဇန်နဝါရီ  ၁၅


ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့သည့် စစ်ရေးပြပွဲ အခမ်းအနားတွင် အဖြူ၊ အမည်း ၂ ရောင်ခြယ် ပဲ့ထိန်းဒုံးကျည် အပါအဝင် ဒုံးကျည်အမျိုးအစား အများအပြားကို ပြသခဲ့သည်။


ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်မှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး လက်နက်ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ အမေရိကန်သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်အင်အားပြသခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အာဏာရအလုပ်သမားပါတီ၏ ညီလာခံတွင် အမေရိကန်က မြောက်ကိုရီးယား၏ အကြီးမားဆုံးရန်သူဖြစ်သည်ဟု ကင်ဂျုံအန်က မှတ်ချက်ပေးခဲ့သည်။ ပြုံယမ်းမြို့၏ ကင်အီဆွန်းရင်ပြင်တွင် ကျင်းပခဲ့သည့် စစ်ရေးပြပွဲတွင် ခြေလျင်တပ်သားများ၊ အမြောက်များ၊ တင့်ကားများလည်း ပါဝင်ခဲ့သည်။


(KNT)






အခြားဆက်စပ်သတင်းများ