နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဒေါ်လာ ၁.၉ ထရီလျံတန်ကြေးရှိသည့် ထောက်ပံ့ရေးစီမံကိန်းကို ဂျိုးဘိုင်ဒင် ထုတ်ဖော်ပြသ

ဝါရှင်တန်   ဇန်နဝါရီ  ၁၅


လာမည့်ရက်သတ္တပတ်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါ ကြောင့်ထိခိုက်ခဲ့သည့် အမေရိကန်စီးပွားရေးကို အဖတ်ဆည်ရန် အမေရိကန်ဒေါ်လာ ၁.၉ ထရီလျံ ထောက်ပံ့မည့် အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ ဂျိုးဘိုင်ဒင်၏ စီမံကိန်းကို လွှတ်တော်က အတည်ပြု ပေးပါက အမေရိကန်နိုင်ငံသားအားလုံးအတွက် တစ်အိမ်ထောင်လျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ နှုန်းဖြင့် အမေရိကန်ဒေါ်လာ တစ်ထရီလျံ ထောက်ပံ့ပေးမည်ဖြစ်သည်။


ထောက်ပံ့ရေးစီမံကိန်းအရ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၁၅ ဘီလျံ၊ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၄၄၀ ဘီလျံ ထောက်ပံ့ပေးမည်ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီဝင် သမ္မတလောင်း ဂျိုးဘိုင်ဒင်က အမေရိကန်နိုင်ငံတွင် လူ ၃၈၅၀၀၀ ကျော် သေဆုံးခဲ့သည့် ကပ်ရောဂါကို ချေမှုန်းမည်ဟု ကတိပြုထားသည်။ ဆောင်းရာသီကာလတွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်လာချိန်တွင် ဂျိုးဘိုင်ဒင်က ထောက်ပံ့ရေးအစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။


အမေရိကန်နိုင်ငံတွင် နေ့စဉ်နေ့တိုင်း လူနာသစ် ၂ သိန်းကျော်၊ သေဆုံးသူ ၄၀၀၀ ကျော် ရှိနေသည်။ ဂျိုးဘိုင်ဒင်က ကာကွယ်ဆေး ထိုးနှံရာနေရာများ တည်ဆောက်ခြင်း၊ ဝေးလံခေါင်သီသည့်နေရာများသို့ ကာကွယ်ဆေးထိုးနှံရေး ရွှေ့လျားယာဉ်များ စေလွှတ်ရေးအပါအဝင် အမေရိကန်နိုင်ငံသားများကို ကာကွယ် ဆေးထိုးနှံပေးရန်အတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ သုံးစွဲရန် လိုလားနေသည်။


(KNT)






အခြားဆက်စပ်သတင်းများ