နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကူမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွှေကူ၊ ဇန်နဝါရီ  ၁၄


 ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ မိုးကင့်ကျေးရွာအနီးတွင် နော်လီအောင်မောင်းနှင်လာသော မော်တော် ဆိုင်ကယ်နှင့် ယော်ထုန်မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ နော်လီအောင် မောင်းနှင်လာသော ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၀၀၀ ပြားတို့အားလည်းကောင်း၊ ယော်ထုန်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ယော်ထုန်(၃၅)နှစ်၊ နော်လီအောင်(၁၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၆၅/၃)တွင် သန်းရွှေ(ခ)ဘဂျမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဘိန်းစိမ်း ၃၁ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် သန်းရွှေ(ခ)ဘဂျမ်း(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ