နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောက်မယ်မြို့နှင့် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မောက်မယ်၊ ဇန်နဝါရီ  ၁၄


 ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၄ နာရီခွဲအချိန် မောက်မယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မောက်မယ်မြို့၊ ကွန်ကျိုင်းရပ်ကွက်တွင် စိုင်းအောင်(ခ)အောင်ခမ်း မောင်းနှင်ပြီး စိုင်းစော လိုက်ပါလာသော Super Custom Hiace အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၃၈ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းအောင်(ခ)အောင်ခမ်း(၁၉)နှစ်၊ စိုင်းစော(၂၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆံအွမ်၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ နေအိမ် အိပ်ခန်းရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဆံအွမ်(၅၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ