နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မံစီမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

မံစီ၊ ဇန်နဝါရီ  ၁၄

 ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မံစီမြို့နယ်၊ ဟန်ထက်-မန်ရကျေးရွာသွားလမ်း၊ ဟန်ထက်ကျေးရွာအနီးတွင် ရဲဝင်း မောင်းနှင်ပြီး မအမ်မင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ရှေ့ပြေးဆိုင်ကယ်အဖြစ် အိုက်မန်မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် အိုက်မန်မှ ဆိုင်ကယ်အားထား၍ ထွက်ပြေး လွတ်မြောက် သွားသဖြင့် မော်တော်ဆိုင်ကယ်များအား ဆက်လက်ရှာဖွေရာ ရဲဝင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် ရဲဝင်း (၂၀)နှစ်၊ မအမ်မင်(၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ဟဲသတ်ကျေးရွာအနီး၊ ကောလင်း-ပင်လည်ဘူးကားလမ်း၊ ကီလိုတိုင် အမှတ်(83 Km)တွင် ရဲအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းဆိုင်ကယ်အတွင်းမှ ဘိန်းစိမ်း ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ရဲအောင်(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ