နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်နှင့် နမ့်ခမ်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံ၊ ဇန်နဝါရီ  ၁၄

 ဇန်နဝါရီ ၁၂ ရက်၊ န့နက် ၁၀ နာရီခွဲအချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်ကျေးရွာလမ်းဆုံအနီးတွင် စိုးတင့်မောင်းနှင်လာ သည့် Air Wave အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ယာဉ်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၎င်းနေထိုင်သည့် ဘားအံမြို့နယ်၊ ဇာသပြင် ကျေးရွာအုပ်စု၊ ခရားအတွင်းကျေးရွာရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းနှင့်ဝက်ခြံတဲတို့မှ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၆၁ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိုးတင့်(၄၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆင်ဝါးနော်လမ်းထောင့် တွင် မနန်းမိုဟွမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၅၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မနန်းမိုဟွမ်(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ