နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ Tourist Burma အဆောက်အဦး ၌ ကိုဗစ် -၁၉ အသိပညာပေးပိုစတာဖွင့်လှစ်

ရန်ကုန် ဇန် နဝါရီ ၁၃


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် STOP COVID အဝါရောင်အင်္ကျီ ဝတ်ဆင်ပြီးဓါတ်ပုံရိုက်ကူး ချီးမြှင့်ပေးပို့သည့် STOP COVID -19 အဝါရောင် အသိပညာပေး Campaign ပိုစတာဖွင့်ပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burmaအ‌ဆောက်အဉီး‌ရှေ့၌ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦး တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့်ကော်မတီဝင်များဌာနဆိုင်ရာတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမြင့်နှင့်တာဝန်ရှိသူများ YRTA မှတာဝန်ရှိသူများ ဖိတ်ကြားထာသူများတက်ရောက်ကြသည်။

အဆိုပါ အဝါရောင် လူထူအသိပညာပေး ပိုစတာဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် 

ဒေါ်အောင်ဆန်းစုကြည်ပုံပါ‌ Stop Covid-19 Yellow Campaignအထိမ်းအမှတ်ပြက္ခဒိန် များကိုပြည်သူများအားဖြန့်‌ဝေ‌ပေးခဲ့သည်။ 

"နိုဝင်ဘာ လလယ်ကတည်းကစတင်ခဲ့တဲ့ Mask Campaign ကြီးစတင်ခဲ့ပါတယ်။ဒုတိယလှိုင်းမှာတော ကိုဗစ် -၁၉ ဖြစ်ပွားမှုကသိသိသာသာတိုးလာပါတယ်။ပြည်သူလူထုကြားမှာ ကိုဗစ် -၁၉ ဖြစ်ပွားမှုထိန်းချုပ်ဖြတ်တောက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်တဲ့အနေနဲ့ Stop- Covid 19 ၊Yellow Campaign ကိုဆောက်ရွက်ရခြင်းဖြစ်ပါတယ်။ အဝါဆောင်ဆိုတာကတော့ ထင်သာမြင်သာဖြစ်ပြီး ကျန်းမာရေးသတိပေးမှု အရောင်တစ်မျိုးဖြစ်ပါတယ်။ အဝါရောင်ကိုမြင်လိုက်တာနဲ့ Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ ခပ်ခွါခွါနေရမယ် ဆိုတဲ့အသိကိုရအောင်လုပ်တာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဉီးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမြင့်ကပြောသည်။

ရန်ကုန် မြို့တော်သူ မြို့တော်သားများ လတ်တလောကမ္ဘာနှင့်အဝန်းဖြစ်ပွားနေသော ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ သတိမူ စည်းကမ်းလိုက်နာကြရေးအတွက် အဆိုပါ အဝါရောင်အင်္ကျီများဝတ်ဆင်ကြလျက် လှုံဆော်အသိပညာပေးသည့်အစီအစဉ်ဖြစ်ကြောင်း၊  ကိုဗစ် ၁၉ ထိန်း ချုပ်လျော့ချနိုင်ရေး ပြည်သူတစ်ရပ်လုံးက နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်သွားလာကြရေး၊အပြင်သို့သွားလာတိုင်း လက်ဆေးခြင်းအမှုကိစ္စကို အလေးအနက်ထားလိုက်နာဆောင်ရွက်ကြရေး၊ တစ်ဉီးနှင့်တစ်ဉီးခပ်ခွာခွာနေထိုင်ကြရေးတို့ကို အသိပညာပေးခြင်းဖြစ်သည်။

ကိုဗစ် ၁၉ နှင့်ပတ်သက်၍ ပြည်သူတစ်လုံး စဉ်ဆက်မပြတ် ကျင့်သုံးလိုက်နာသွားရန်အတွက် New normal၊ New Living ၊New Yangon ဟူ၍ ဆောင်ပုဒ်နှင့်ညီ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် နှာခေါင်းစည်း (Mask)ခြင်းကို အလေ့အကျင့်တစ်ခုအဖြစ်ရေရှည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊လူတိုင်းက အသိသတိ ရှိစွာလိုက်နာခြင်းဖြင့်ပူးပေါင်းတိုက်ဖျက်ကြရမည်ဖြစ်ကြောင်းသိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ