နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကပ်ရောဂါက တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစနစ်၏ အားနည်းချက်ကို ဖော်ထုတ်ခဲ့သည့် စမ်းသပ်မှုကြီးတစ်ရပ်ဖြစ်သည်ဟု ဆို

မေ ၁၀၊  ဘေဂျင်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစနစ်၏ အားနည်းချက်ကို ဖော်ထုတ်ခဲ့သည့် စမ်းသပ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အစောပိုင်းတုံ့ပြန်မှုကို ပြည်ပနိုင်ငံများက ဝေဖန်ခဲ့ပြီးနောက် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ဒါရိုက်တာ လီဘင်းက ယခုကဲ့သို့ ရှားရှားပါးပါး ဝန်ခံခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံက ရောဂါကာကွယ်ရေး၊ ပြည်သူ့ကျန်းမာရေးစနစ်နှင့် ဒေတာကောက်ယူမှု များကို တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လီဘင်းက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်ဟု လီဘင်းက ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာဖြစ်သည့် ဝူဟန်မြို့မှ အစောပိုင်း ဗိုင်းရပ်စ်လက္ခဏာများကို တုံ့ပြန်ရာတွင် အလွန်နှေးကွေးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝန်းကို လျင်မြန်စွာ အကြောင်းကြားခဲ့ခြင်းမရှိဟု စွပ်စွဲခံထားရသည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန် လွတ်လပ်သည့် နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရေး တောင်းဆိုချက်များကို တရုတ်နိုင်ငံက ပယ်ချထားသည်။ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ခဲ့သည်ဟု ပြီးခဲ့သည့်ဧပြီလက ဥရောပသမဂ္ဂ၏ အစီရင်ခံစာတစ်ရပ်တွင် စွပ်စွဲထားသည်။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၄၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၆၃၇ ဦး ရှိခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။                      

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ