နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ  ၁၃


 တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် တာချီလိတ်မြို့နယ်၊ ဟိုနား(အာခါ)ကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွားကားလမ်းတွင် တာချီလိတ်ဘက်မှ မောင်းနှင်လာသည့် OUTLANDER အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၇ နာရီအချိန် ဝမ်ပုံနယ်မြေရဲစခန်းရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းဂျူလိုင်နှင့်အတူ ယာဉ်ပေါ်ပါရှိဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၇၀ ကီလိုကိုလည်းကောင်း စစ်ဆေးချက်အရ ၇ နာရီခွဲအချိန် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ(ရှမ်းရွာဟောင်း)နေ အိုက်ရီ(ခ)ခမ်းကျောက် ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ တူမီးသေနတ် ၁ လက်၊ ကျည် ၁၈ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိ ဂျူလိုင်(၃၀)နှစ်၊ အိုက်ရီ(ခ)ခမ်းကျောက်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ