နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုသမ်ရုပ်ရှင်ဆုပေးပွဲ၏ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုNomadlandဇာတ်ကားရရှိ

ဇန်နဝါရီ  ၁၃


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် စီပရီယာနီဝေါစထရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်သည့် ရုပ်ရှင်ဒါရိုက်တာများအသင်း၏ အကြိမ် (၃၀) မြောက် ဂိုသမ်ရုပ်ရှင်ဆု (Gotham Awards) ဆုပေးပွဲ၏ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုအမျိုးသမီးဒါရိုက်တာကလိုးကျောင်း၏ Nomadlandဇာတ်ကား ကရရှိခဲ့ကြောင်းသိရသည်။

Nomadlandဇာတ်ကားသည် ဂိုသမ်ရုပ်ရှင်ဆုပေးပွဲ၏ အကောင်းဆုံးဇာတ်ကားဆုကိုသာမကပရိသတ် အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားဆုကိုလည်းရရှိခဲ့သည်။

ဂိုသမ်ရုပ်ရှင်ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနှင့် အမျိုးသမီးသရုပ်ဆောင်ဆုတို့ကို Sound of Metal ဇာတ်ကားမှ မင်းသားရစ်အာမက်နှင့် Miss Juneteenth ဇာတ်ကားမှ မင်းသမီးနစ်ကိုးဘီဟာရီတို့ က ရရှိခဲ့ကြသည်။

ဒါရိုက်တာကယ်လီရိုက်ချာ့၏ First Cow ဇာတ်ကားသည် ဂိုသမ်ရုပ်ရှင်ဆုလေးဆု၏ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်းမည်သည့်ဆုမှ ရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ