နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တော်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းစတင်ဆောင်ရွက်

ကျောက်တော်   ဇန်နဝါရီ  ၁၃


ရခိုင်ပြည်နယ်မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း   (VDP)     လုပ်ငန်း၊ ကျေးရွာ ၁၀ ရွာကို မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီအသစ်ဖွဲ့စည်းခြင်း၊ ကျေးရွာအမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ရန်  ဇန်နဝါရီ ၁၃ ရက်မှစတင်ကာ မြေပြင်ကွင်းဆင်းသွား‌ရောက်ပြီး တာဝန်ရှိသူတို့က ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ခိုင်ဇော် လက်ထောက်ညွှန်ကြားရေးမှူး၏ ပြောပြချက်အရ  ယင်း  (VDP) လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ကျေးရွာများသို့ ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့နယ်ဦးစီးမှူး၊ ဦးအောင်ခိုင်ဇော် (လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝန်ထမ်းများက သွားရောက်၍ အသိပညာပေး ဆောင်ရွက်ခြင်းနှင့်ကျေးလက်ဥပဒေ၏ တင်ပြဆွေးနွေးခြင်းလုပ်ငန်းကို  ကာကွယ်လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

ဦးအောင်လှဖြူ (ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ