နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမာမြို့၊လေးပင်ချောင်ကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို အကျဉ်းပြုလုပ်

အမာ  ဇန်နဝါရီ  ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လေးပင်ချောင်ကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်  ၆ နာရီတွင် အကျဉ်းပြုလုပ်ခဲ့စဉ်။

အမာမြို့အနီးတွင်ရှိသည့် လေးပင်ချောင်ကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ အောက်ဆိပ်ကွင်းကျေးရွာတို့ သည် ကရင်တိုင်းရင်းသားလူမျိုးအများစုနေထိုင်သော ကျေးရွာများဖြစ်ပြီး ယခင်နှစ်များတွင် ကရင် တိုင်းရင်းသားများ၏ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသော်လည်း  ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီအကျဉ်းဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း     ဦးဆောင်ကျင်းပသည့် ကော်မတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


 နော်လေး(အမာ)






အခြားဆက်စပ်သတင်းများ