ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မွေးမြူထားသော အိမ်မွေးတိရစ္ဆာန် ခွေး၊ကြောင်များတွင် ဖြစ်ပွားတတ်သော ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန်၊ ဒေသခံ ပြည်သူများအား ခွေးရူးရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များတိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော် ထွေးနှင့်ဝန်ထမ်းများက အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့စဉ်။
ရဲဝင်းနိုင် (ညောင်ဦး)