မေ ၁၀၊ ကာဘူးလ်
အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် စားနပ်ရိက္ခာ ဝေငှမှုပုံစံနှင့်ပတ်သက်၍ ဒေါသထွက်နေသည့် ဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။
ဂိုအာပြည်နယ်မြို့တော် ဖီရော့ဇ်ခိုမြို့တွင် စုဝေးခဲ့ကြသည့် ဆန္ဒပြသူများက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရချိန်အတွင်း ဆင်းရဲသားများကို ကူညီပေးရန် ပျက်ကွက်ခဲ့ခြင်းကို စောဒကတက်ခဲ့ကြပြီး ဆူပူ အုံကြွမှုဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူလူစုထဲတွင် ပါဝင်သည့် သေနတ်သမားများက အစိုးရရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ အဆိုပါပစ်ခတ်မှု တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားလေးဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဒေသတွင်း ရေဒီယို အစီအစဉ် တင်ဆက်သူအဖြစ် လုပ်အားပေးနေသူ နာဝစ်လည်း ပါဝင်သည်ဟု အာဖဂန်နစ္စတန် ဂျာနယ်လစ်စင်တာက ကြေညာခဲ့သည်။
ပစ်ခတ်မှုများတွင် အရပ်သား ၉ ဦးနှင့် ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ မလိုအပ်ဘဲ အင်အားအသုံးပြုခဲ့ခြင်းအပေါ် လွတ်လပ်ပြီး ထိရောက်သည့် စုံစမ်းစစ်ဆေးမှုလုပ်ပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားသည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရေးအတွက် ကန့်သတ်မှုများ ချမှတ်ထားခြင်းကြောင့် အခက်တွေ့နေသည့် ဆင်းရဲနွမ်းပါးသူများကို စားနပ်ရိက္ခာများ ဝေငှပေးလျက်ရှိရာ စားနပ်ရိက္ခာမရသည့် ဆင်းရဲသားမရှိစေရဟု အာဖဂန်နစ္စတန်ဒုတိယသမ္မတက အာမခံ ထားသည်။
Ref:BBC(KNT)