နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့်လိုက်လံ၍ ဆွဲကြိုးဖြတ် လုယက်သူ ၃ ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၁၃

ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၄ နာရီခွဲ အချိန်တွင် တရားလို ----သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ သမာဓိလမ်းသွယ်(၂)တွင် လမ်းလျှောက်နေစဉ် အမည်မသိအမျိုးသား(၃)ဦး ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံးအား ဆွဲယူထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်ရှိလူများနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ လှည့်ကင်း တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးရာ အမည်မသိသူ ၃ ဦးအနက် ကျော်သက်ပိုင်(ခ)ဓါးနှစ်လက်အား ဖမ်းဆီးရမိသောကြောင့် အမှုဖွင့်အရေးယူမှုဖြစ်ပါသည်။

 ဖမ်းဆီးရမိသူ ကျော်သက်ပိုင်(ခ)ဓါးနှစ်လက်၊ (၂၈)နှစ်၊ ဇကားဝါလမ်း(ကျူးတဲ)၊ (၈၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မိုးနှင့်အဖွဲ့က စစ်ဆေးရာ ရန်နိုင်(ခ)ကိုနိုင်၊ အောင်သူ တို့နှင့်အတူ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ချက်အရ ရန်နိုင်(ခ)ကိုနိုင် နှင့် အောင်သူ တို့(၂)ဦး အား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ရန်နိုင် (ခ)ကိုနိုင်၊ (၂၇)နှစ်၊ မ/၃၇၆၊ သုခိတာလမ်း၊ (၈၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေသူကို ဇန်နဝါရီ ၁၁ ရက် တွင်လည်းကောင်း၊ အောင်သူ၊ (၃၃)နှစ်၊ မေတ္တာလမ်း၊ (၈၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေသူကို ဇန်နဝါရီ ၁၂ ရက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိပြီး ကျန်ရှိရဲလုပ်ငန်းများဆောင်ရွက်ကာ ၎င်းတို့(၃)ဦးကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ