နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်ထဲ ပျက်ကျခဲ့သည့် အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်၏ Black Box များကို ဆယ်ယူရန် ကြိုးပမ်းနေ

ဂျာကာတာ  ဇန်နဝါရီ  ၁၁


ပြီးခဲ့သည့်စနေနေ့က ပင်လယ်ထဲသို့ ပျက်ကျခဲ့သည့် အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်စက် (Black Box)များ၏ တည်နေရာကို တွေ့ရှိခဲ့ပြီး ရေငုပ်သမားများက ဆယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ လူ ၆၂ ဦး လိုက်ပါခဲ့သည့် Sriwijaya လေကြောင်းလိုင်း၏ ဘိုးရင်း ၇၃၇ လေယာဉ်မှာ ဂျာကာတာမြို့လေဆိပ်မှ ပျံတက်ပြီး ၄ မိနစ်အကြာတွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။


ရှာဖွေရေးအဖွဲ့များက ဂျာဗားပင်လယ်အတွင်းမှ လေယာဉ်အစိတ်အပိုင်းများနှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း များကို ရှာဖွေတွေ့ရှိခဲ့သည်။ ပျံသန်းမှုမှတ်တမ်းနှင့် အသံမှတ်တမ်း အချက်အလက်များ သိမ်းဆည်းထားသည့် မှတ်တမ်းတင်စက်များမှာ လေယာဉ်ပျက်ကျသည့် အကြောင်းရင်းကို ဖော်ထုတ်ရာတွင် စုံစမ်းစစ်ဆေးသူ များအတွက် အဓိကကျသည့်အရာဖြစ်သည်။


ရှာဖွေရေးဆောင်ရွက်မှုတွင် လူ ၂၆၀၀ ပါဝင်ပြီး စက်လှေ၊ သင်္ဘောနှင့် ရဟတ်ယာဉ် ဒါဇင်ချီစေလွှတ် ထားသည်။ ရှာဖွေရေးသမားများက ရေအောက်အနက် ၇၅ ပေမှ လေယာဉ်အပျက်အစီး အပိုင်းအစများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ ခရီးသည်များ၏ အဝတ်အစားများကို ဆယ်ယူလျက်ရှိသည်။ လေယာဉ် ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးတစ်ယောက်မျှ တွေ့ဖွယ်မရှိဟု ယူဆထားသည်။


လက်ရှိ တွေ့ရသည့် အစိတ်အပိုင်းများအရ လေယာဉ်မှ ရေပြင်ပေါ်ပျက်ကျချိန်တွင် အပိုင်းပိုင်းဖြစ်သွားဖွယ်ရှိ သည်ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသားပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးကော်မတီ (KNKT)၏ စုံစမ်းစစ်ဆေးသူက ပြောသည်။                                                                                                                                     


(KNT)






အခြားဆက်စပ်သတင်းများ