နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အစိုးရက တရုတ်ကုမ္ပဏီများကို ဒေါ်နယ်ထရမ့်၏ အရေးယူပိတ်ဆို့မှုမှ ကာကွယ်ပေးမည့် ဥပဒေသစ်ပြဋ္ဌာန်း

ဘေဂျင်း  ဇန်နဝါရီ  ၁၁


တရုတ်အစိုးရမှာ တရုတ်ကုမ္ပဏီများကို မျှတမှုမရှိသည့် ပြည်ပဥပဒေများမှ ကာကွယ်ပေးနိုင်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းခဲ့သည်။ ပြီးခဲ့သည့်အားလပ်ရက်တွင် ကြေညာခဲ့သည့် ဥပဒေသစ်များအရ ပြည်ပ ဥပဒေများ၏ ကန့်သတ်ချုပ်ချယ်မှုများကို လိုက်နာသည့် ကုမ္ပဏီများအပေါ် တရုတ်တရားရုံးများက ပြစ်ဒဏ်ချမှတ်နိုင်မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယုံကြည်သည့် တရုတ်ကုမ္ပဏီများကို ပစ်မှတ်ထားခဲ့သည်။


ထို့အပြင် အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများအတွက် အပိုပစ္စည်းများ ပံ့ပိုးပေးသည့် ကုမ္ပဏီများကိုပါ အပြစ်ပေးနိုင်သည့် စည်းမျဉ်းများ ချမှတ်ခဲ့သည်။
တရုတ်စစ်တပ်နှင့် ဆက်နွှယ်နေသည်ဆိုသော တရုတ်ဆက်သွယ်ရေးလုပ်ငန်းစုကြီး ၃ ခု၏ ရှယ်ယာ များကို နယူးယော့ခ် စတော့ရှယ်ယာဈေးကွက်မှ ပယ်ဖျက်ရန် ပြီးခဲ့သည့်တနင်္လာနေ့တွင် ကြေညာခဲ့သည်။


ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဒေါ်နယ်ထရမ့်က Alipay နှင့် WeChat Pay စသည့် ငွေပေးချေမှု ပလက်ဖောင်း များအပါအဝင် တရုတ်နိုင်ငံ၏ app ၈ ခုနှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပိတ်ပင်သည့် ညွှန်ကြားချက်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။


ပြီးခဲ့သည့်စနေနေ့တွင် တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားမျှတမှုမရှိသည့် ပြည်ပဥပဒေများကို တန်ပြန်မည့် ဥပဒေသစ်များကို ကြေညာခဲ့သည်။ သို့သော် အဆိုပါဥပဒေကို မည်ကဲ့သို့ စည်းကြပ်သွားမည်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။                                                             


(KNT)






အခြားဆက်စပ်သတင်းများ