နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝီဂါအမျိုးသမီးများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ရေးသားမှုကို တွစ်တာက ဖျက်ပစ်

ဝါရှင်တန်  ဇန်နဝါရီ  ၁၁


ရှင်ကျန်းဒေသတွင် ချမှတ်ခဲ့သည့် တရုတ်အစိုးရ၏ မူဝါဒများကြောင့် ဝီဂါမျိုးနွယ်ဝင် အမျိုးသမီးများ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေခဲ့သည်ဆိုသည့် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ရေးသား ဖော်ပြချက်ကို တွစ်တာက ဖျက်ပစ်ခဲ့သည်။ တွစ်တာပေါ်မှာ အဆိုပါရေးသားချက်မှာ တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဆောင်းပါးတစ်ပုဒ်နှင့် ဆက်နွှယ်နေသည်။ အဆိုပါဆောင်းပါးတွင် ဘာသာရေးအစွန်းရောက်မှုများကို တုံ့ပြန်လှုပ်ရှားမှုများကြောင့် အမျိုးသမီးများမှာ ကလေးလုပ်သည့်စက်မဟုတ်တော့ဟု ရေးသားထားသည်။


ဝီဂါအမျိုးသမီးများမှာ ယင်းတို့ရရှိခဲ့သည့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာပြီး ပိုမိုလွတ်လပ်လာကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က တွစ်တာ ပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါရေးသားဖော်ပြမှုမှာ တွစ်တာ၏ စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်ကြောင်း  ပြီးခဲ့သည့်အားလပ်ရက်တွင် တွစ်တာက သတ်မှတ်ခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။


တရုတ်အစိုးရက လူဦးရေထိန်းချုပ်နိုင်ရန်အတွက် ဝီဂါမျိုးနွယ်ဝင် အမျိုးသမီးအများအပြားကို ကိုယ်ဝန်မဆောင်နိုင်အောင် သို့မဟုတ် သန္ဓေတားသည့်ကိရိယာများ အတင်းအကျပ် တပ်ဆင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သို့သော် တရုတ်အစိုးရက အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။ ဝီဂါမျိုးနွယ်ဝင် အများစုမှာ မွတ်စလင်များဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် နေထိုင်သူများ ဖြစ်သည်။                                                                                                                                


(KNT)






အခြားဆက်စပ်သတင်းများ