နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှု ၂ ကြိမ်ဆက်ဖြစ်ပွား၍ ကယ်ဆယ်ရေးသမားများအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံး

ဂျာကာတာ  ဇန်နဝါရီ  ၁၁


အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုကြောင့် ကယ်ဆယ်ရေးလုပ်နေစဉ် နောက်ထပ်မြေပြိုမှုဖြစ်ပွားခဲ့၍ ကယ်ဆယ်ရေးသမားများပါ သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က အနောက်ပိုင်းဂျာဗားပြည်နယ်၏ ဆီဟန်ဂျူအန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မြေပြိုမှု ဖြစ်ပွားခဲ့သည်။ ကယ်ဆယ်ရေးသမားများက မြေပြိုမှုတွင် အသက်ရှင်လွတ်မြောက် သူများကို ရွှေ့ပြောင်းပေးနေစဉ် နောက်တစ်ကြိမ် မြေပြိုခဲ့သည်။


မြေပြိုမှု ၂ ကြိမ်ကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးလျက် ရှိသည်။ ဆီဟန်ဂျူအန်ရွာမှာ ဂျာကာတာမြို့ အရှေ့တောင်ဘက် ၉၅ မိုင်အကွာတွင်တည်ရှိပြီး အချိန် ၃ နာရီခွဲ အတွင်း မြေပြိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီတွင် မြေပြိုမှုများ ကြုံတွေ့လေ့ရှိပြီး မြေပြိုမှုကြုံရခြင်းမှာ သစ်တော ပြုန်းတီးမှုကြောင့်ဟု ထောက်ပြလေ့ရှိသည်။ မြေပြိုမှုကြောင့် သေဆုံးသူများတွင် ကယ်ဆယ်ရေးသမားများ ပါဝင်နေသည်ဟု ယုံကြည်ထားကြောင်း ဘေးအန္တရာယ်သက်သာလျော့ပါးစေရေး အေဂျင်စီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။                                                                                                                 


(KNT)






အခြားဆက်စပ်သတင်းများ