နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီလ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးမည်

နယူးဒေလီ    ဇန်နဝါရီ      ၁၀


အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီလ ၁၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့သည်။ လူဦးရေ ၁.၃ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံမှာ လာမည့်ဇူလိုင်လတွင် လူဦးရေ သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောသည်။ 

ဦးစားပေးအဆင့် ကာကွယ်ဆေးထိုးနှံပေးမည့်သူများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသူများ ပါဝင်နေသည်။ အိန္ဒိယနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၅၀၀၀၀ နီးပါး ရှိခဲ့သည်။ 

အောက်စဖို့ဒ်တက္ကသိုလ်နှင့် Astra Zeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်သည့် Covishield ကာကွယ်ဆေး၊ အိန္ဒိယဆေးဝါးကုမ္ပဏီ Bharat Biotech က ဖော်စပ်သည့် Covaxin ကာကွယ်ဆေးတို့ကို အိန္ဒိယနိုင်ငံ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အသုံးပြုခွင့်ပေးခဲ့သည်။    KNT






အခြားဆက်စပ်သတင်းများ