နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 မိုးမိတ်၊ ဇန်နဝါရီ  ၉


   ဇန်နဝါရီ ၇ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မန်တုံသွားကားလမ်း၊ ရွှေဇာလီကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ အနီးတွင် ထက်မြတ်ငြိမ်း(ခ)နော်မိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ထက်မြတ်ငြိမ်း(ခ)နော်မိုင်(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ