နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့် မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

ရန်ကုန် ဇန်နဝါရီ ၉

    ယခုအခါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ၃၁-၁၂-၂၀၂၀ ရက်နေ့ထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၃၁-၁-၂၀၂၁ ရက်နေ့ထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားပါသည်။

    ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း ဆက်လက်ထိန်းချုပ်ရန်လိုအပ်သောကြောင့် အများပြည်သူ စုဝေးတတ်သော ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် အားကစားကွင်းများကို ၂၀-၁-၂၀၂၁ ရက်နေ့ထိ တိုးမြှင့်ပိတ်ထားခဲ့ရာ လူပိုမိုစုဝေးလေ့ရှိသည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့်လည်း ဆိုင်ထိုင်ရောင်းချစားသောက်ခွင့် မပြုထားဘဲ ပါဆယ်စနစ်ဖြင့် ဆက်လက်ရောင်းချလျက် ရှိပါသည်။

    စားသောက်ဆိုင်များ ရောင်းချမှုနှင့် ပတ်သက်၍ Eleven Media ၏ မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်မှ “ပြန်လည်ခွင့်မပြုသေးဘူး၊ မြို့နယ်ကိုဗစ်ကော်မတီတွေက အရေးယူပါလိမ့်မယ်၊ လိုင်စင်ပေးထား တာတွေ ပြန်ရုပ်သိမ်းရပါမယ်၊ အရေးယူလို့ရတယ်၊ အပြီးပိတ်သိမ်းတာ မဟုတ်ဘူး၊ အတိုင်းအတာ တစ်ခုထိကို အရေးယူလို့ရတယ်၊ အမြဲစစ်ဆေးခိုင်းနေတာ ပေါ့လျော့မှုကို ကိုဗစ်ကော်မတီနှင့် စည်ပင်က တာဝန်ရှိသူတွေက ခွင့်ပေးလို့ မရသေးဘူး၊ တိတိကျကျ လာပြော ကျွန်တော်ညွှန်ကြား မှာပါ၊ ဒါတွေကို ခွင့်မပြုသေးဘူး” ဟု ပြောကြားခဲ့ကြောင်း ယခုအခါ အချို့သော ရပ်ကွက်များ အတွင်း လမ်းဘေးဆိုင်များနှင့် စားသောက်ဆိုင်အချို့တွင် လူအချို့ လာရောက်ဆိုင်ထိုင် စားသောက်မှုများ ရှိနေသဖြင့် တာဝန်ရှိသူများမှ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ