နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီး ၃ မြို့နယ်ရှိ အာမခံအလုပ်သမားများအတွက် အကျိုးခံစားခွင့် ကျပ် ၃၂၆ သန်းကျော်ထုတ်ပေး

မန္တလေး   ဇန်နဝါရီ        ၉

မန္တလေးတိုင်းဒေသကြီးအတွင်း stay at home သတ်မှတ်ထားသည့် ၃ မြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့်အာမခံအလုပ်သမားများအတွက် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ထောက်ပံ့ ငွေကျပ် ၃၂၆ သန်းကျော်ကိုထုတ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလူမူဖူလုံရေးရုံးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း stay at home အစီအစဉ်တွင်ပါဝင်သည့် မဟာအောင်မြေ၊ ချမ်းအေးသာ စံနှင့်အမရပူရမြို့နယ် ၃ မြို့နယ်အတွင်းရှိ ယာယီပိတ်ထားရသည့် စက်ရုံအလုပ်ရုံအလုပ်ဌာနရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဖြစ်သည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမူဖူလုံရေးရုံးမှ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ၃ မြို့နယ်မှအကျိုးခံစားခွင့်လာရောက်လျှောက်ထားသည့် စက်ရုံ၊ အလုပ်ရုံ ၃၉၆ ဌာနရှိပြီး ခွင့်ပြု မိန့်ရရှိသည့်ဌာနမှာ ၂၉၅ ဌာနရှိကာ ခွင့်ပြုရန် ၁၀၁ ဌာနကျန်ရှိကြောင်း သိရသည်။ ခွင့်ပြုမိန့်ရရှိပြီး စက်ရုံ အလုပ်ရုံ၊ အလုပ်ဌာန ၂၉၅ ဌာနတွင် ၂၈၆ ဌာနအတွက်၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိအကျိုးခံစားခွင့်ကျပ် ၃၂၆ သန်းကျော်ထုတ်ပေးပြီးဖြစ်သည်။ ကျန်ရှိသည့်ဌာန ၉ ခုအတွက် အကျိုးခံစားခွင့်ထောက်ပံ့ငွေကိုထုတ်ပေးနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတိုင်းတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့် ၏ ပြောကြားချက်အရ သိရသည်။

လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေးနိုင်ရန်အတွက် လျှောက်ထားရန်ကျန်ရှိသည့်စက်ရုံအလုပ်ရုံ၊ အလုပ်ဌာနများသည် လူမူဖူလုံရေးရုံးတွင်လာရောက်လျှောက်ထားရန်အကြောင်းကြားထားကြောင်း           သိရသည်လျှောက်ထားသည့်လျှောက်လွှာများကိုအမြန်စီစစ်မည်ဖြစ်ပြီး ကျန်ရှိသည့် ၁၀၁ ဌာနအတွက်ခွင့်ပြုမိန့် ရရှိပါကအကျိုးခံစားခွင့် ထောက်ပံ့ငွေအမြန်ထုတ်ပေးနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လူမူဖူလုံရေးအဖွဲ့အနေဖြင့် ၄၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်လျှောက်ထားရန် နောက်ဆုံးရက်သတ်မှတ်ထား ခြင်းမရှိကြောင်း သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများနှင့်လူမူဖူလုံရေးရုံးဝက်ဘ်ဆိုက်ဖြစ်သည့် ssbmyanmar . org နှင့် ssb.gov.mm တို့မှ တစ်ဆင့်လျှောက်ထားနိုင်ကြောင်း သိရသည်။                    

အောင်သူရ






အခြားဆက်စပ်သတင်းများ